Last day to register for High Impact Presentations! Register Now

CamWest

ရောင်းချခြင်းနှင့် လူမှုဆက်ဆံရေးကို တစ်ပြိုင်နက် အလေးထားဆောင်ရွက်နိုင်ရန်အတွက် အရည်အချင်းများတိုးတက်အောင် ပြုစုပျိုးထောင်ပေးရန် အလို့ငှာ Cam West သည် ဒေးကာနေးဂီသင်တန်းနှင့် ရောင်းချမှုအားသာချက်သင်တန်းများမှ အခြေခံဥပဒေသများကို လိုက်နာကျင့်သုံးခဲ့ပါသည်။ ဒေးကာနေးဂီလေ့ကျင့်ရေးသင်တန်းသည် စျေးရောင်းနည်းလက်စွဲနှင့် Cam West အဖွဲ့အစည်း၊ ယင်း၏လုပ်ရိုးလုပ်စဉ်များနှင့် အကိုက်ညီဆုံးဖြစ်မည့် customized သင်တန်းအစီအစဉ်များကို စီစဉ်ဖော်ဆောင်ပေးခဲ့ပါသည်။

Cam West သည် အဖွဲ့အစည်းလိုက် အတူတကွဆက်လက်သင်ယူလေ့လာခဲ့သည့်အလျောက် ကြီးထွားတိုးတက်ရာတွင်လည်း အတူတကွပင် တိုးတက်ခဲ့သည်။ ထိုသင်တန်းသည် ပိုမိုကောင်းမွန်သော ဆက်သွယ်ဆက်ဆံရေးလမ်းကြောင်းများကို အခြေခိုင်စေခဲ့ပြီး ကုမ္ပဏီ တစ်ခုလုံးတွင် အကြံဉာဏ်များနှင့် သတင်းအချက်အလက်များ စီးဆင်းမှုကို ပိုမိုချောမွေ့လွယ်ကူစေခဲ့ပါသည်။ ဤအရာများသည် အဖွဲ့အစည်းကို စည်းလုံးညီညွတ်လာစေပြီး Cam West၏ ဓလေ့ထုံးစံ၊ မျှော်မှန်းချက်နှင့် စံသတ်မှတ်ချက်များကိုလည်း အားဖြည့်ခိုင်မာလာစေခဲ့ပါသည်။

လုပ်ငန်းခွင်ရှိ စီမံကိန်းမန်နေဂျာများနှင့် လေ့ကျင့်ပေးခြင်းဖြင့် ပြင်ပအရောင်းကိုယ်စားလှယ်များကို Cam West ၏ ကိုယ်ပိုင်မျှော်မှန်းချက်နှင့် အတွေးအခေါ်များအတိုင်း ချိန်ညှိလုပ်ကိုင်စေနိုင်ပါလျှင် ပိုမိုကောင်းမွန်သော စားသုံးသူဝန်ဆောင်မှု ပေးနိုင်ပြီး တမူထူးခြားတဲ့ ပရိဘောဂပစ္စည်းဝယ်ယူမှု အတွေ့အကြုံကို ပေးစွမ်းနိုင်လိမ့်မည်ဟု Cam West သဘောပေါက်နားလည်ခဲ့ပါသည်။

ဒေးကာနေးဂီရဲ့ flexible ဖြစ်ပြီး နားလည်သင်ယူရလွယ်တဲ့ သင်ကြားမှုနည်းလမ်းများက Cam West အတွက် ရောင်းချခြင်းနှင့် လူမှုဆက်ဆံရေးလိုအပ်ချက်များကို တစ်ပြိုင်နက် အလေးထားဆောင်ရွက်နိုင်ရန် နည်းလမ်းကောင်းတစ်ခု ပေးစွမ်းနိုင်ခဲ့ပါသည်။ အဖွဲ့အစည်းတစ်ခုလုံးရှိ မတူညီသော ဌာနများအားလုံးကို အတူတကွပူးပေါင်း ဆောင်ရွက်စေခြင်းဖြင့် Cam West ၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် စံသတ်မှတ်ချက်များကို ခိုင်မြဲစေခဲ့သည်။

အသင်းအဖွဲ့တစ်ခုအနေနှင့် လုပ်ကိုင်ကြခြင်းဖြင့်စားသုံးသူများနှင့်သာမက ပါဝင်ဆောင်ရွက်သူများအချင်းချင်းကြားတွင်ပါ ပိုမိုချောမွေ့စွာ ဆက်သွယ်ဆက်ဆံနိုင်မည့် ဘုံဘာသာစကားတစ်ခု ပေါ်ပေါက်လာခဲ့ပါသည်။ သင်တန်းစတင်ခဲ့သော ပထမ ၄နှစ်အတွင်းတွင် Cam West သည် ၁၅%နီးပါး နှစ်စဉ် ကြီးထွားတိုးတက်ခဲ့ပါသည်။ စွမ်းရည်အသစ်များ စုပြံုရရှိလာခြင်းကြောင့် တည်တံ့ခိုင်မြဲသော အသင်းအဖွဲ့တစ်ခုအဖြစ် အခြေခံအုတ်မြစ်များကို တည်ထားနိုင်ခဲ့ပါသည်။


ဝန်ထမ်းတွေ အတူတကွပူးပေါင်းဆောင်ရွက်တာရယ်၊ ဝယ်သူတွေအပေါ်ကို အာရုံစူးစိုက်ထားရှိတာရယ်၊ အကောင်းဆုံးသောဝန်ဆောင်မှုတွေပေးတာရယ် လုပ်နိုင်ရင် ကျွန်မတို့ ကုမ္ပဏီဟာ သည့်ထက်ပင် ပို၍ အင်အားကြီးမားလာမယ်လို့ ကျွန်မအမြဲတမ်းယုံကြည်ထားပါတယ်။ အဲဒါကြောင့် အခုရှိနေတဲ့ သင်တန်းပေးခြင်းကို ဆက်လက်ထောက်ခံအားပေးနေတာဖြစ်ပါတယ်။ ကျွန်မတို့ တက်ရောက်ခဲ့ရတဲ့ သင်တန်းဟာ အလွန်တရာတန်ဖိုးကြီးမားလှပြီးတော့ Cam West ရဲ့ အောင်မြင်မှုအပေါ် မှာလည်း တိုက်ရိုက် အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ အဲ့သင်တန်းက ကျွန်မတို့ အောင်မြင်နေတာထက်ကို ပိုအောင်မြင်အောင် ဆောင်ကျဉ်းပေးခဲ့တာပါ။

 
Partner with Dale Carnegie to customize a training solution for your team.
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.