Last day to register for High Impact Presentations! Register Now

Green Mountain

ဒေးကာနေးဂီသင်တန်းသည် Green Mountain ၏ ပညာရေးမဟာဗျူဟာအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါသည်။ ဝန်ထမ်းများသည် တစ်ဦးချင်းနှင့် အုပ်စုလိုက်လေ့ကျင့်မှုများ မျှတစွာပါဝင်သော အချိန်တင်းကြပ်သည့် သင်ရိုးညွှန်းတမ်းတွင် နှစ်မြှုပ်သင်ယူခဲ့ကြရသည်။ ကိုယ်တိုင်လေ့လာသိရှိပြီး သင်ယူရခြင်းသည် အဆိုပါသင်တန်း၏ ဝိသေသလက္ခဏာတစ်ရပ် ဖြစ်ခဲ့ပြီး ပထမဆုံးသင်တန်းချိန်ကပင်စ၍ သင်တန်းသားများသည် ၎င်းတို့၏ အေးဆေးသက်သာသောနေရာများမှ တိုးချဲ့ထွက်ခွာရသည်။ စွန့်စားမှုများပြုလုပ်ရသည်။ မိမိကိုယ်ကို၊ မိမိအားသာချက်နှင့် စိတ်အားထက်သန်မှုများကို နားလည်လာအောင် ပြုလုပ်ကြရသည်။ ပို၍အသိအမှတ်ပြုပေးတတ်သော အမြင်နှင့် အကောင်းမြင်တတ်သော သဘောထားတို့ကို မွေးမြူခြင်းအားဖြင့် သင်တန်းသားတို့သည် တခြားသူများအပေါ် ပို၍နက်ရှိုင်းစွာလေးစားတတ်လာပြီး အခြားသူများနှင့် အဖွဲ့တစ်ခုအဖြစ် မည်သို့မည်ပုံ ယှဉ်တွဲလုပ်ကိုင်ရမည်ကို သိရှိလာကြသည်။
ယနေ့အထိပင် Green Mountain ၏ ဦးဆောင်မှုအဖွဲ့ဝင်အများစုသည် ဒေးကာနေးဂီသင်တန်းကို တက်ရောက်ခဲ့ပြီးဖြစ်ပါသည်။ သင်တန်းတက်ရောက်ခဲ့သောဝန်ထမ်းများ၏ တိုးတက်ကောင်းမွန်လာသော စွမ်းဆောင်ချက်များကို အထက်အရာရှိမန်နေဂျာများက မျက်မြင်သိရှိရသောကြောင့် ဒေးကာနေးဂီသင်တန်းသို့ တက်ရောက်စေသူဦးရေကို အရှိန်အဟုန်ဖြင့်တိုးပွားစေခဲ့သည်။ ဝန်ထမ်းများက ၎င်းတို့ပါဝင်ပတ်သတ်သည်ဟု ခံစားရလျှင်၊ အလုပ်တွင်ပိုပြီး စိတ်အားထက်သန်လာလျှင် ၎င်းတို့၏ ဆောင်ရွက်နိုင်စွမ်းမှာ အကန့်အသတ်ပင် မရှိတော့ပါချေ။
အဓိကစျေးကွက်တွင် ပုံမှန်နှုန်းဖြင့်အောင်မြင်နေခဲ့ပြီးနောက်၌ Green Mountain ကော်ဖီရိုစတာသည် ၎င်းတို့၏လုပ်ငန်းများကို စတင်တိုးချဲ့ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့၏ ယဉ်ကျေးမှုထုံးတမ်းကို ထိန်းသိမ်းရန်နှင့် ရှေ့တွင်တွေ့ကြုံလာရမည့် စိန်ခေါ်မှုများအတွက် ဝန်ထမ်းများအား အဆင်သင့် ဖြစ်နေစေရန်အလို့ငှာ ၎င်းတို့၏ လေ့ကျင့်ရေး ဦးစီးဦးရွက်လုပ်ငန်းများကို စတင်ခဲ့ရပါသည်။
ဝန်ထမ်းများသည် တစ်ဦးချင်းနှင့် အုပ်စုလိုက်လေ့ကျင့်မှုများ မျှတစွာပါဝင်သော အချိန်တင်းကြပ်သည့် သင်ရိုးညွှန်းတမ်းတွင် နှစ်မြှုပ်သင်ယူခဲ့ကြရသည်။ သင်တန်းသားများသည် သင်တန်းကာလ ၁၂ပတ်အတွင်းတွင် စဉ်ဆက်မပြတ်လည်ပတ်နေသော တိုးတက်မှုစက်ဝန်းတွင် ပါဝင်ခဲ့ကြရပါသည်။ ထိုအချိန်အတွင်းတွင် ၎င်းတို့သည် သင်ယူခဲ့ရသော ဥပဒေသများကို လက်တွေ့အသုံးချပြီး အခြားလုပ်ဖော်ကိုင်ဖက်များ၏ ဝေဖန်အကြံပြုမှုများကို ရယူခြင်းအားဖြင့် စာသင်ခန်းမှသင်ခန်းစာများကို လုပ်ငန်းခွင်သို့ပြောင်းရွှေ့အသုံးပြုခဲ့ကြရပါသည်။
တိုးတက်လာသော ဆန်းသစ်တီထွင်မှုများနှင့် စိတ်ကူးအကြံဉာဏ်မျှဝေခြင်းတို့ကြောင့် ထိရောက်စွာစွမ်းဆောင်နိုင်စွမ်းနဲ့ အရှိန်မှန်တိုးချဲ့ခြင်းများကို တိုးတက်ကောင်းမွန်လာစေရန် အထောက်အပံ့ပေးသော ပရောဂျက်များနှင့် တီထွင်ဖန်တီးမှုအားကောင်းသော အကြံဉာဏ်များကို တစ်ဟုန်ထိုး တိုးပွားလာခဲ့ပါသည်။
 
Partner with Dale Carnegie to customize a training solution for your team.
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.