Last day to register for High Impact Presentations! Register Now

iBahn

iBAHN သည် တည်ရှိနှင့်ပြီးသား စာရင်းများမှ ဝင်ငွေများပိုမိုရရှိရန်၊ ရောင်းချမှုတစ်ခုချင်းစီမှ အမြတ်တိုး၍ ရရှိရန်နှင့် transaction လုပ်ငန်း တစ်ခုချင်းစီ၏ ကြာမြင့်မှုအချိန်ကို လျှော့ချရန်တို့အတွက် စီစဉ်ထားပေးသော ဖြေရှင်းချက်တစ်ခု ဖန်တီးရန် ဒေးကာနေးဂီသင်တန်းနှင့် တွဲဖက်လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါ ဖြေရှင်းချက်တွင် လျှို့ဝှက်စျေးဝယ်သူ အစီအစဉ်၊ အရောင်းဝန်ထမ်းအဖွဲ့နှင့် တစ်ဦးချင်းအင်တာဗျူးများနှင့် နောက်ယောင်ခံ အရောင်းဖုန်းခေါ်ဆိုမှုများ အပါအဝင် လှုပ်ရှားမှုများဆာင်ရွက်ခဲ့ပါသည်။ ဤလှုပ်ရှားမှုများမှ ဒေးကာနေးဂီသင်တန်းသည် အချိန်စီမံခန့်ခွဲမှု၊ စားသုံးသူဝန်ဆောင်မှုနှင့် ထိရောက်စွာရောင်းချမှုများကို ဦးတည်ထားသည့် ဖြေရှင်းနည်းလမ်းတစ်ခုကိုလည်း တည်ဆောက်ခဲ့ပါသည်။

သင်တန်း၏ တင်ဆက်ပို့ချမှုသည် လွန်စွာထူးခြားပြောင်မြောက်လှပေသည်။ သင်တန်းသားအဖွဲ့မှာလည်း အလွန်စိတ်အားတက်ကြွလျက်ရှိပြီး အားအင်ပြန်လည်ပြည့်ဝလျက်ရှိသည်။ တွေ့မြင်ရသည်မှာ ကျေနပ်အားရဖွယ်ရှိသည်ကတော့ ယင်းအဖွဲ့သည် အမူအကျင့်များကို အမှန်တကယ်ပြောင်းလဲနေပြီး ၎င်းတို့သင်ယူခဲ့ရသော စွမ်းရည်များကို ပြန်လည်အသုံးချနေခြင်းပင်ဖြစ်သည်။

စီးပွားရေးကျဆင်းမှုကြောင့် စျေးကွက်ကျုံ့ဝင်မှုများ ဖြစ်ပွားခဲ့သည်။ iBAHN အနေနှင့် ပိုမိုကောင်းမွန်သော စားသုံးသူအတွေ့အကြံုပေးရန်နှင့် ကျုံ့ဝင်နေသောစျေးကွက်မှ အကောင်းဆုံးရယူနိုင်သမျှရယူရန် လိုအပ်လာခဲ့သည်။

ဒေးကာနေးဂီလေ့ကျင့်ရေးသင်တန်းသည် စားသုံးသူဝန်ဆောင်မှု၊ ရောင်းချမှုနှင့် အချိန်စီမံခန့်ခွဲမှုတို့ကို အလေးထားလေ့ကျင့်ပေးသော၊ iBAHN အတွက် လိုအပ်မည့်ကဏ္ဍများကို ရွေးချယ်ပြင်ဆင်ပေးသည့် customized သင်တန်းတစ်ခု ပေးအပ်ခဲ့ပါသည်။

ကျွန်တော်တို့ရဲ့ ၄ကွာတားမြောက်ကာလဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပြီး ဆယ်စုနှစ်အတွင်း ဟိုတယ်လုပ်ငန်းတွေအတွက် အခက်ခဲဆုံးလို့တောင် သတ်မှတ်ထားကြတဲ့နှစ်မှာ အဲ့ဒီ့ဘဏ္ဍာနှစ်ဝင်ငွေအတွက် ဆယ်ဂဏန်းတစ်ခုအထိ တိုးတက်မှုရှိခဲ့ပါတယ်။ ဒီလို အောင်မြင်မှုရရှိခဲ့တာမှာ ဒေးကာနေးဂီသင်တန်းက အဓိကနေရာက ပါဝင်ခဲ့တယ်ဆိုတာ ကျွန်တော်လုံးဝ သံသယမရှိပါဘူး။ ဟု iBAHN ၏ ကုန်သွယ်မှု ကြော်ငြာဒါရိုက်တာ ဂယ်ရီ ဘရစ်တိုးကပြောပါသည်။


သင်တန်း၏ တင်ဆက်ပို့ချမှုသည် လွန်စွာထူးခြားပြောင်မြောက်လှပေသည်။ သင်တန်းသားအဖွဲ့မှာလည်း အလွန်စိတ်အားတက်ကြွလျက်ရှိပြီး အားအင်ပြန်လည်ပြည့်ဝလျက်ရှိသည်။ တွေ့မြင်ရသည်မှာ ကျေနပ်အားရဖွယ်ရှိသည်ကတော့ ယင်းအဖွဲ့သည် အမူအကျင့်များကို အမှန်တကယ်ပြောင်းလဲနေပြီး ၎င်းတို့သင်ယူခဲ့ရသော စွမ်းရည်များကို ပြန်လည်အသုံးချနေခြင်းပင်ဖြစ်သည်။

 
Partner with Dale Carnegie to customize a training solution for your team.
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.