Last day to register for High Impact Presentations! Register Now

ဒေးကာနေးဂီဦးဆောင်မှုလေ့ကျင့်ရေးသင်တန်းသည် ကနဦးမိတ်ဆက်စတွင်တော့ Urban ရဲ့ ထိပ်ပိုင်း စီမံခန့်ခွဲမှုများနှင့်သာ စတင်ခဲ့ပြီူ နောက်မှသာ ကုမ္ပဏီတစ်ခုလုံးနှင့် သက်ဆိုင်လာခဲ့သည်။ Urban နှင့် ပတ်သက်၍ ဒေးကာနေးဂီသည် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့ပြီး ၎င်း၏ဝန်ထမ်းများ၊ သူတို့၏ ပင်ကိုယ်အရည်အသွေးများနှင့် လုပ်ငန်းအကြောင်းကို အချိန်များစွာပေး၍ လေ့လာခဲ့ပါသည်။

သူတို့ယခု မည်သို့အောင်မြင်နေကြသည်ကို ဖတ်ရန်

ဒေးကာနေးဂီ၏ ဦးဆောင်မှုလေ့ကျင်းရေးအစီအစဉ် စတင်လုပ်ဆောင်သည့် အချိန်မှစ၍ Urban တွင် ကြီးမားသော တိုးတက်ပြောင်းလဲမှုများကို တွေ့လာရသည်။ စားသုံးသူများနှင့်ရော၊ အချင်းချင်းပါ မည်ကဲ့သို့ အမှန်တကယ် နားထောင်၍ ဆက်သွယ်ဆက်ဆံရမည်ကို သင်ကြားပြသပေးတဲ့ အတွက် ဒေးကာနေးဂီသင်တန်းကို Urban Engineering ၏ ဥက္ကဌဖြစ်သူ အက်ဒဝပ် အန်ဒီအယ်ဘာက အသိအမှတ်ပြုချီးကျူးခဲ့ပါသည်။ "ကျွန်တော်တို့ ကုမ္ပဏီဟာ အချင်းချင်းရော၊ ဖောက်သည်တွေအတွက်ရော၊ ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်ကိုပါ အမှန်တကယ် အလေးထားလုပ်ဆောင်တဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။ ကျွန်တော်တို့လူတွေကို အတူတကွလုပ်ကိုင်ဆောင်ရွက်ဖို့နဲ့ တွေ့ကြုံရသမျှ အခွင့်အရေးအားလုံးဆီက အကောင်းဆုံးရရှိအောင် ကြိုးစားအားထုတ်နေကြတာကို တွေ့လာရပါတယ်။"

စိန်ခေါ်မှုများ

ပိုင်ရှင်အသစ် လိုချင်တဲ့ demand တွေနဲ့ ကုမ္ပဏီတွင်းရှိ ဝန်ထမ်းများကြား ဆက်သွယ်ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့စတဲ့ စိန်ခေါ်မှုများကို Urban အနေနဲ့ ကြံုတွေ့လာရပါတယ်။ "လုပ်ငန်းကို ရယူဖို့ကြိုးစားနေတဲ့သူ အချို့ရဲ့ အမြင်တွေကို နားလည်ဖို့ လိုအပ်လာခဲ့ပါတယ်။"

ဖြေရှင်းနည်းများ

Urban ရဲ့ လိုအပ်ချက်အတိအကျအတိုင်း ဖြည့်ဆည်းပေးနိုင်မယ့် customized ဦးဆောင်မှုသင်တနးတစ်ခုကို ဒေးကာနေးဂီသင်တန်းမှ ပို့ချပေးခဲ့ပါသည်။ သင်တန်းပို့ချပေးသူများသည် ပြင်ပအကြံပေးသူများအနေနှင့် မဟုတ်ဘဲ Urban အဖွဲ့သားများအနေနှင့်ပါ လုပ်ဆောင်ပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် ဝန်ထမ်းများအကြားတွင် ဆက်သွယ်ဆက်ဆံရေးနှင့် နားလည်မှုတိုးတက်ကောင်းမွန်လာရန် ကြိုးစားခဲ့ကြသည်။

ရလဒ်များ

ကျွန်တော်တို့ရဲ့ ဆက်သွယ်ဆက်ဆံရေးအရည်အချင်းဟာ သာမန်ထက်ကိုထူးကဲကောင်းမွန်လာပါတယ်။ ကျွန်တော်တို့ထဲကအများစုက အင်ဂျီနီယာတွေပါ။ ပြီးတောဘ ကျွန်တော်တို့ အင်ဂျင်နီယာလုပ်ဖြစ်တာကလည်း ကိန်းဂဏန်းတွေ တွက်ချက်တာတော်လို့ပါ။ ဆက်သွယ်ဆက်ဆံရေးအရမ်းကောင်းဖို့လည်း မလိုဘူးလေ။ ဒေးကာနေးဂီသင်တန်းတက်ပြီးတဲ့သူတွေဟာ လူတွေအားလုံးနားလည်နိုင်မယ့်၊ တက်တက်ကြွကြွ လိုက်နာကျင့်ကြံဖို့ တွန်းအားပေးတဲ့ အစရှိတဲ့ အရေးကြီးအချက်အလက်တွေပါတဲ့ message တစ်ခုကို အချိန်ခဏလေးအတွင်းမှာပဲ ပြင်ဆင်ပို့ချလာနိုင်တာကို တွေ့ရပါတယ်။" ဟု ဒီအယ်ဘာကပြောသည်။ ဒေးကာနေးဂီလေ့ကျင့်ရေးသင်တန်းဟာ သူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များအား စားသုံးသူများနှင့်ရော အချင်းချင်းကြားတွင်ပါ မည်သို့ အမှန်တကယ် နားထောင်၍ ဆက်သွယ်ဆက်ဆံရမည်ဆိုတာကို သင်ကြားပေးခဲ့ပါသည်။

ဒေးကာနေးဂီသင်တန်းဟာ ကျွန်တော်တို့ကို ခက်ခဲကြမ်းတမ်းတဲ့ ကာလတချို့ကို ဖြတ်သန်းဖို့ အထောက်အကူများစွာ ဖြစ်ခဲ့ပါသည်။ နောက်ပြီး လူတိုင်းနီးပါး ကောင်းကောင်းနားလည်နိုင်တဲ့ တူညီတဲ့ ကန်းတိုင်တွေဆီကို အရောက်လှမ်းနိုင်ဖို့ကိုလည်း ကျွန်တော်တို့ရဲ့ ခေါင်းဆောင်မှုအဖွဲ့ကို ပိုပြီးအလေးအနက်ထား လုပ်ကိုင်စေခဲ့ပါတယ်။ ဒေးကာနေးဂီသင်တန်းဟာ ကွန်တော်တို့ အဖွဲ့အစည်းရဲ့ ပုံစံနဲ့ ခံစားချက်များကို ပြောင်းလဲစေခဲ့ပါတယ်။ အက်ဒဝပ် အမ် ဒီ အယ်ဘာ၊ ဥက္ကဌ၊ Urban Engineering ကော်ပိုရေးရှင်း

Urban Engineers - အက်ဒဝပ် အမ် ဒီ အယ်ဘာ၊ ဥက္ကဌ၊ Urban Engineering ကော်ပိုရေးရှင်း
Contact Us
အထူးသီးသန့်စစ်ဆေးမှုတစ်ခု ပြုလုပ်ရန်နှင့် ကောင်းမွန်ပြီး အကျိုးအမြတ်ရှိသော တိုးတက်မှုရရှိရေး တွန်းအားပေးမောင်းနှင်သော အဆင်မြင့်ပညာရေးအား စတင်ချဉ်းကပ်နိုင်ရန် ကျွန်ုပ်တို့ကို ယနေ့ပဲ ဆက်သွယ်လိုက်ပါ။
Logo
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.